
ဒီအချိန်၊ ဒီနေရာလေးမှာ
အလွဲသုံးစားလုပ်ခဲ့မှူတွေ၊ မှားယွင်းခဲ့မှူတွေ
အများကြီး ဖြစ်ပျက်ခဲ့ကြတယ်။
အရမ်းလည်းကြာခဲ့ပြီ၊
နောက်လည်းကျခဲ့ပြီ၊
မင်းကို အချိန်တွေ အကြာကြီးစောင့်စားစေခဲ့တာလည်း ငါပါပဲ --။
အကယ်၍များ
တစုံတရာ ကျန်နေသေးတယ်ဆိုရင် ---
အခွင့်အရေးလေးတခုအနေနဲ့
မင်းယုံကြည်ပေးပါ
မင်းကို ငါချစ်နေတယ် ဆိုတာ။
မင်းယုံကြည်ပေးပါ
မင်းကို ငါအမြဲတမ်း ချစ်နေခဲ့တယ်ဆိုတာ။
အရမ်းလွမ်းတယ်
အဝေးကြီး ဝေးနေခဲ့ရတယ် ဆိုပေမယ့်
ငါ့ဘေးနား မင်းရှိနေတယ် ဆိုတဲ့ အိပ်မက်တွေ
ငါ့ဘေးနားက မင်းထွက်မသွားဘူးဆိုတဲ့ အိပ်မက်တွေ
ငါ အမြဲတမ်း မက်ဆဲပါပဲ
မင်းကို နောက်ထပ်တွေ့ခွင့်မရတော့ဘူးဆိုရင်
ငါ့ အသက်ရှူသံတွေ ရပ်တံ့သွားနိုင်တယ် -- ချစ်သူရယ်။
နောက်ဆုံးအခွင့်အရေးအနေနဲ့
မင်းရင်ခွင်မှာ နေခွင့်လေးကို
ငါ ဒူးထောက် တောင်းဆိုပါရစေ ----
မင်းလက်ကို မြဲမြဲကိုင်ရဖို့အတွက်
ငါ ဆုပ်ကိုင်ထားတဲ့ ယုံကြည်မှူတွေနဲ့
ငါ ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို
ငါ စွန့်လွှတ်နိုင်ပါတယ်။
ငါ မစွန့်လွှတ်နိုင်တဲ့အရာတွေကိုတောင်
မင်းအတွက် ငါပေးနိုင်ပါတယ်။
ဘာကြောင့်လဲ ---
မင်းသိပါတယ်
မင်းကို ငါချစ်နေခဲ့လို့ ဆိုတာ။
မင်းသိပါတယ်
မင်းကို ငါအမြဲတမ်း ချစ်နေခဲ့လို့ ဆိုတာ။
မင်းအနားမှာ နေချင်တယ်။
မင်းပြောတဲ့ စကားသံတွေ ကြားချင်တယ်။
အရာအားလုံးအတွက် ---
မင်းကို ငါခွင့်လွှတ်တယ် ဆိုတာလည်း မင်းသိစေချင်တယ်။
ယုံကြည်ပေးပါ
မင်းကို ငါ နောက်ထပ်ခွဲမသွားတော့ပါဘူး။
ငါ့လက်ကို မြဲမြဲဆုပ်ကိုင်ထားပေးပါ
ဘယ်တော့မှ ငါ့ကို ထွက်သွားခွင့်မပေးပါနဲ့တော့နော်။
ဝင်သက် ထွက်သက်တွေ
ထာဝရနီးစပ်ချင်လို့ပါ --- ချစ်သူရယ်။
No comments:
Post a Comment