Saturday, March 15, 2008

အလွမ်းရက်တွေကုန်ပါစေ.............




ညနေခင်းမှာ
အလွမ်းတွေကို
ပြောပြဖို့ 
ငါပင်လယ်ရှေ့ ကိုသွားခဲ့....

အော်.........ဒါပေမဲ့
ပင်လယ်က
ငါထက်လွမ်းစရာ
ကောင်းပါလား
အောက်မေ့မိတယ်....

ပင်လယ်ကို
ငါရင်ထဲက
အလွမ်းတွေကို
ပြောပြမိတယ်
ဒီတော့ပင်လယ်က
ငါကိုစကားလေး
တခွန်းချွေသွားတယ်...

ဟိတ်...အလွမ်းသမား
အလွမ်တွေကို
ငါကိုဘာဖြစ်လို့ 
ပြောရတာလဲ
ငါလဲမင်းလိုပဲ
အလွမ်းအဆိပ်တက်နေတယ်....

ဒါပေမဲ့ငါက
မင်းလောက်မလွမ်းရသေးဘူး
အလွမ်းတွေကို
သိမ်းထားလိုက်ပါကွာ
အလွမ်းရဲ့ တန်ဖိုးကို
မင်းလွမ်းနေတဲ့
အကြောင်းကသိရင်
အလွမ်းမသားလေး
ဆီသို့အလွမ်းကို
ဖန်းဆင်းပေးခဲ့သူ
ရောက်လာပါမယ်........
မင်းကိုကြည့်ရတာ
အလွမ်းတွေနဲ့ အသက်
ရှင်နေသလို ပဲ...
ငါတောင်ရင်တွေ
မောလာပြီ
ငါစုတောင်းပေးပါတယ်
အလွမ်းရက်ကုန်ပါစေ........
(၁၀း၁၉း၅၉ ည)
(စနေ ၁၆ ၀၈)

No comments: