အာရုံတွေနောက်တဲ့နေ့
ကာရံတွေမရှိတဲ့ညက
ကြယ်အကြွေငါကောက်တယ်.........
စကြ၀ဠာကိုဖြတ်သန်း
အစွန်းနားကိုတိုးထိုင်
မှိုင်နေတဲ့နေ့
တွေဝေတဲ့ညတွေမှာ
ကြယ်အကြွေတွေငါကောက်တယ်.........
ခပ်တိုးတိုးငိုညည်းသံနဲ့
ငိုရှိုက်သံနဲ့အတူ
ကြယ်စင်အကြွေငါကောက်တယ်..........
တညတညကောက်တဲ့ကြယ်စင်
မင်းမြင်တဲ့အခါ
ပိတိနဲ့ကြည်နူးမှု
ဘယ်ဆီမှာစုမလဲ
ငါလေ.........
ကြယ်စင်အကြွေကောက်ခဲ့တယ်
အမြဲတမ်း........
နင့်လွယ်အိတ်ထဲ
ကျောင်းမသွားသေးခင်
မွှေကြည့်စမ်း
ကြိုးနဲ့သီထားတဲ့ကြယ်စင်ကုံး
ခရေကုံးအဖြစ်တွေ့ရမယ်...........။ ။
(ကွက်လပ်
အလင်း
ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်
ပန်းပုလဲပန်း
သေချာတဲ့ မနက်ဖြန်
တပြည်သူသို့
နင်ပျော်စေဖို့
ကန္တာရမိုး
ထူးခြားသောစွမ်းရည်
ကြယ်လေးတစ်ပွင့်အကြောင်း..)
Sunday, March 9, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment