Saturday, March 1, 2008

ဘာမှမဟုတ်တဲ့

မင်းသိတဲ့ ဒီကမ္ဘာကြီး ရော
မင်းမြင်ဘူးတဲ့ ကောင်းကင်ပြာပြာရော
အချိန်တန်ရင် အားလုံးဟာ ဖြက်ကနဲ ဖြုတ်ကနဲ ပျောက်သွားမှာပါ

. . .

မျက်လုံးများ မှိတ်လိုက်စဉ်မှာ
တခဏတွေ အားလုံးဟာ ပျောက်ဆုံးသွားပြီပဲ

အိပ်မက်များ အိပ်မက်များ ....
ကြည့်နေဆဲမှာပဲ ဖျပ်ကနဲ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်
ငါတို့ရဲ့  သိချင်စိတ်များ ... ငါတို့ရဲ့  မသိစိတ်လေးများ

အရာ အားလုံးဟာ ဘာမှမဟုတ်တဲ့ ဖုန်စကလေးများ
လေထဲမှာ အချိန်တန်တော့ လွင့်ပါသွား မှာပါ

ထပ်တလဲလဲ ဆိုတာလည်း သြော် ဒီသီချင်းတွေပါပဲလား
ထပ်တလဲလဲ ပြောတာလည်း အဲဒီ စကားတွေ ပါပဲလား

လူတွေဟာ တကယ်တော့
ပင်လယ်ပြင်ထဲက ရေမှုန်ကလေးများလိုပါလား

အချိန်တန်တော့ အားလုံး ဟာ ပြိုလဲ
ပျက်သုဉ်းသွားကြတယ်ဆိုတာ မင်း မြင်နိုင်ပါ့မလား

အစွဲအလမ်းတွေဟာ တကယ်တော့ အလကားပါ
ဘာမှ အမြဲ မမြဲသော တရားသာ အမှန်တရားပါ

မင်းသိတဲ့ ဒီကမ္ဘာကြီး ရော
မင်းမြင်ဘူးတဲ့ ကောင်းကင်ပြာပြာရော
အချိန်တန်ရင် အားလုံးဟာ
ဖျပ်ကနဲ ဖြုတ်ကနဲ ပျောက်သွားမှာပါ
အဲဒီကျတော့ မင်းရဲ့ ပိုက်ဆံတွေ စည်းစိမ်ဥစ္စာတွေဟာ
ဘာမှ မထူးတော့တာ မင်း မြင်နိုင်ပါ့မလား ။

No comments: