Tuesday, March 11, 2008

မေ့ဖို့ 

ဟိတ်မိတ်ဆွေတို့ 
တချက်လောက်
ကူညီပါလား
ကမ္ဘပေါ်မှာနာမယ်ကြီးတဲ့
လူတကာရဲ့ မျက်စီကိုလှဲ့  ပေးတဲ့
မျက်လှဲ့ ဆရာကိုခေါ်ပေးပါ
သူကအင်မတန်ကြီးမားခန်းနားတဲ့
ရုပ်ထုကိုဖြောက်ပေးခဲ့နိုင်တယ်.....
ကျနော်ရင်ထဲက
တမ်တလွမ်းနေတဲ့
အေးဆိုတဲ့ကောင်မလေး
တယောက်ကို
မေ့ပျစ်ဖို့ ခေါ်ပေးပါ
ရင်ထဲကခန့် စားရလွန်းလို့ 
အချိန်တိုင်းသတိရနေလို့ 
ကြာရင်သေနိုင်လို့ ပါ
လူတော့ အရိုးပဲကျန်တော့
အသဲတွေလဲ
ကွဲနေပြီလေ
ကျေးဇူးပြုပြီးခေါ်ပေးပါ
ရင်ထဲမှာအရမ်းနာကျင်နေလို့ ပါ................
(ဒါတွေကိုသူလေးသိပါစေ....................)
(MD 11 03)
(10း 59း 59 PM တွင်းရေးခဲ့သည်)

No comments: