Saturday, July 26, 2008

စောင့်နေသူ


ညတညမှာ ဘယ်သူက
ဘယ်သူ့ ကို ဘယ်နေရာမှာ
ဘယ်လို စောင့်နေရတယ်ဆိုတာကို
ဘယ်သူ့ ကမှမသိဘူး
ချိန်းထားတဲ့ နေက
တကယ်တော့ လပြည်ညနေပိုင်း
ရောက်မလာတာက သူပေါ့
စောင့်နေသူက ဘာလဲ
ရင်ကိုခွဲခဲ့
လွမ်းမီးတွေနဲ့ ထိုင်စောင့်နေရလို့ 
စောင့်နေတဲ့ နေရာမှာ ခြေရာထပ်နေပေါ့
မျှော်လင့်သူမောပေါ့
မင်းရဲ့ အချစ်က လမ်းမှာစောင့်ရမျိုးပဲလား
တို့ ရဲ့ အိပ်မက် ကဘယ်မှာလဲ
မိုးရွာထဲမှာ ထိုင်စောင့်သူပေါ့
ရန်ကုန်မြို့ ကောင်ကင်မှာ ဒီမိုးတွေသဲနေပေါ့
ငါအလုပ်လဲမလုပ်နိုင်ပါ
တခါတုန်းက ငါရဲ့ အသဲက
မင်းလေးလဲ
ဒါကသက်သေ
ငါရဲ့ ကဗျာတွေက အမှန်ပါ
ပြန်မဆုံနိုင်တော့ဘူးဆိုတာတွေကို သိနေတယ်လေ
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ 
ငါမမေ့တာ
ငါရဲ မျက်ရည်တွေက မိုးထဲမှာမပျောက်ဘူး
ငါရဲ့ ကို ဘာနဲ့ ခွဲခဲ့ တာလဲ
ရန်ကုန်မှာ ရွာတဲ့မိုး
အခု ဘယ်မှာ ရွာနေလဲ
လွမ်းတယ်အဝေးရောက်ချစ်သူ…………………………………………….

နေကျော်လင်း
၂၅.၇.၂၀၀၈

No comments: