အလွမ်းတစ
မျက်ရည်ကြွေစ
လွမ်းလျှမျက်ရည်
ပန်းသက်သေတည်
ကျွမ်းလောင်မြိုက်တဲ့
ကိုယ့်ရဲ့ အသည်း
နုနွဲ့ နွဲ့ လည်း
ကြွေလင့်မျောစသော
သောကဝေဒနာ
သည်ရင်ခွင်မှာ
ခံစားရလျှက်
အနေခက်ပြီး
နေ့ ညတမ်းတ
အလွမ်းတွေ ဝေ
ကြွေမျက်ရည်........................................................................
တကယ်လား
တွက်စစ်ကြရင်
၆လဆိုတဲ့ ကာလ
တခဏမဟုတ်ပေမယ့်
တကယ်ခွဲ သွားခဲ့
မင်းသွားတဲ့နေ့ 
ထာဝရလို့ မပြောလဲသိ
မချိရင်မှာ
လောင်ကျွမ်းမြိုက်စေ
သောကဝေ..........................................................
အနေမတက်
နေရခက်ခက်
အလွမ်းရက်တွေ
မရှည်စေကြောင်း
စုချွေတောင်းလည်း
နေ့ နေ့ ညည
မလွမ်းရဲ ပါ
သည်ဝေသနာတွေ
ရင်မှာစိမ့်စီး
လွမ်းမီးမငြိမ်းနိုင်
ခပ်ယိုင်ယိုင်တွေး
အဆွေးနေ့ တွေ
ဖယ်ခွာနေ ရ
ခက်သည် ရင်ကသောကဝေ
အရင်ကဆို
နေ့ စဉ်ညဆက်
တွေ့ မြင်ရတဲ့
ကိုယ့်အသက်ကလေး
ကိုယ့်ဘေးအပါးမှ
ထာဝရခွဲခွာ
နုတ်ဆက်ချိန်တောင်မှ
မရလိုက်လို့ 
တမ်းတမှုးယစ်
အလွမ်းထဲ နှစ်ပေါ့
လွမ်းရစ်တော့ပေါ့
ဆိုချင်တာလား
ကိုယ့်သခင်ရယ်
ရင်ဝယ်ကျွမ်းမြေ့ 
လောင်မြိုက်ဆဲ...........................................
(ဖော်ဝါရီ ညတည မှာ အလွမ်းသမားလေး
စန်းတ၀ါးနဲ့  ရေးခဲ့ တာပါ....
ဒါပေမဲ့အလွမ်းသမားလေး ဘာဖြစ်နေလည်းဆိုတာကို
တော့ အိမ်မက်ထဲကချစ်သူက မသိခဲ့ဘူးလေ.....................)
No comments:
Post a Comment