Sunday, March 2, 2008

လမ်း

လမ်းဆိုတာ
ရပ်နေလို့ ခရီးမပေါက်ဘူး၊
လှမ်းနေမှ ခရီးရောက်နိုင်မှာပေါ့.. ချစ်သူရယ် ။

. . .

လူ နှစ်ယောက်
ပွင့်လင်းစွာချစ်ကြဖို့
ဘာအရည်အချင်းတွေ ရှိရမယ်လို့
နင် ထင်ထားသလဲ

တကယ်တော့
နင်နဲ့ငါက
အစကတည်းက လမ်းလွဲခဲ့ကြတာ

ငါက..
စာအုပ်ကြားထဲက ထွက်လာတဲ့…. လူ၊
နင်က
စာအုပ်တွေကြားထဲ တိုးဝင်ပျောက်ကွယ်နေချင်တဲ့ …. လူ။

တထွာတမိုက်နဲ့
ဥာဏ်မှီသလောက်သာ ချစ်စမ်းပါရစေ၊
ငါ့ ချစ်ခြင်းမှာ ဆရာကြီးဒဂုံရွှေမျှား မရှိဘူး၊
ငါ့ ချစ်ခြင်းမှာ ဆရာဖေမြင့်မပါဘူး၊
ငါ့ ချစ်ခြင်းမှာ ဒေါက်တာမတင်ဝင်းလည်း မရှိဘူး။

လမ်းဆိုတာ
ရပ်နေလို့ ခရီးမပေါက်ဘူး၊
လှမ်းနေမှ ခရီးရောက်နိုင်မှာပေါ့.. ချစ်သူရယ် ။

တခါတလေ ….
စမ်းတ၀ါးဝါးလျှောက်ရမယ့်
ငါတို့ရဲ့ ပျားရည်စမ်းခရီးအတွက်
နင် မျက်စိမှိတ်ပြီး
ရှေ့ကို
တလှမ်းလောက် တိုးကြည့်စမ်းပါ ။ ။ ။

No comments: