ª တိမ်များကို ကြည့်ငေးရင်း အတွေးများ ရွေ့ နေစဉ်
ª လေပြည်ညှင်းနဲ့ လွင့်လာတဲ့ အတိတ် သံစဉ်ဟောင်းရယ်
ª တစ်ချိန်က ပိုင်ဆိုင်ခဲ့သမျှ အိပ်မက်တစ်ခုလိုသာ
ª တစ်ကယ်ဆုံးရှုံးခဲ့ပြီလား အမေးတွေ ရင်ထဲ ကြေကွဲ
ª ကံကြမ္မာရဲ့ အပြောင်းအလဲတွေ့ တိုင်း ရင်ဆိုင်ဖြတ်ရင်းလေ
ª ဟေး…ငါ့အတွက်အဆုံးမှာ ဘယ်သူရှိမလဲ
ª ပြန်ဆုံချင်လည်း မရနိုင်မှန်း ငါတကယ် သိလျှက်နဲ့
ª (အလိုဆန္ဒတိုင်း မရနိုင်မှန်း ငါတကယ် သိလျှက်နဲ့)
ª ဟေး…မေ့ပစ်ဖို့တော့ မလွယ်သေးဘူး
ª ဟိုးတုန်းက အဖြစ်အပျက်တွေလည်း တိမ်ထဲက မီးခိုးများသာ
ª အေးချမ်းတဲ့ ညဆည်းဆာအလှ အမြဲတမ်း သိမ်းထားလို့မရပါ
ª အတိတ်ရဲ့ အချိန်ခဏ ပြန်လွမ်းတယ်၊
ª ..ပြန်ဆုံချင်လည်း မရတော့ဘူး ငါတကယ်သိလျက်နဲ့
ª ..ဟေး…မေ့ပစ်ဖို့တော့မလွယ်သေးဘူး
ª အတိတ်ကို…ငါခဏ ပြန်ရောက်ချင်တယ်
ª ရင်ခွင်မှာ တမ်းတ…ငါ ဟိုးတစ်ချိန်က ဘ၀များ
ª ငါတစ်ကယ်ကို တမ်းတ…ပြန်မရနိုင်တော့ပါလား
ª တမ်းတ…..
No comments:
Post a Comment