အိပ်မက်တို့ သည်
ပြီးဆုံး၍သော်လည်းကောင်း
မပြီးဆုံးမီသော်လည်းကောင်း
နိုးထရမြဲဖြစ်၏။
ပန်းရနံ့ တို့ သည်
ဝေပွင့်၍သော်လည်းကောင်း
ကြွေလွင့်၍သော်လည်းကောင်း
ပျက်ပြယ်ရမြဲဖြစ်၏။
ချစ်သူတို့ ဘ၀သည်
ပေါင်းသင်း၍သော်လည်းကောင်း
ဝေးလွင့်၍သော်လည်းကောင်း
အဆုံးသတ်ရမြဲဖြစ်၏။
လူ့ ဘ၀သည်လည်း
ပျော်ရွှင်စွာဖြင့်သော်လည်းကောင်း
ကြောင့်ကြစွာဖြင့်သော်လည်းကောင်း
ထွက်ခွာသွားရပေဦးမည်။
ကမ္ဘာတည်သ၍
မနိုးထ၊ မပျက်ပြယ်၊အဆုံးမသတ်ပဲ
သခင့်အပါးမှ ထွက်ခွာသွားမည်မဟုတ်သည်မှာ
ကျွန်ုပ်၏၀ိညာဉ်ပင်ဖြစ်၏။
No comments:
Post a Comment