Saturday, March 1, 2008

ဆောင်းမှာဖြစ်တဲ့ဝေဒနာ

ကြွေပြီဝေပြီ
ပန်းနီနီတို့
ဝတ်ရည်ချိုမြ
ပေးဆပ်ရစေ
ဆုပန်ခြွေပြီး
ပွင့်လေခဲ့လား.......

ဆွေးပြီဝေးပြီ
သည်းနီနီမို့
မကြည်စိတ်ကူး
မုန်းလေဦးဟု
တမ်းဆိုရေရွတ်.........

တွေးပြီငေးပြီ
သွေးနီနီမို့
သူ့ဖို့ဘယ်လိုပေးဆပ်ပါ့...............

နွမ်းပြီ ညမ်းပြီ
လွမ်းနီနီမို့
သူ့ဖို့ဖြေရာ
မရှိပါချေ
အသည်းကြွေကြွေ
မျက်ရည်တွေနဲ့
ရင်မှာနေခက်
ဝေဒနာရက်..........

တမ်းပြီ မှန်းပြီ
နမ်းနီနီမို့
ပန်းရည်ချိုမြ
နှုတ်ခမ်းလှလှ
လွမ်းတညရဲ့
ညည်းအမှတ်တရ
အိပ်မက်ရှည်..........။

No comments: