![]()
မင်းရင်မှာပူလောင်နေလားချစ်သူရေ
ငါလေ...မင်းကိုငြိမ်းချမ်းစေမယ့်နည်းလမ်းတွေ
အလောတကောလိုက်လို့ ရှာဖွေ။
. . . ![]()
ငါလေ...မင်းကိုငြိမ်းချမ်းစေမယ့်နည်းလမ်းတွေ
အလောတကောလိုက်လို့ ရှာဖွေ။
အကွာအဝေးကမင်းနှင့်ငါယူဇနာအသင်္ချေ
မျဉ်းပြိုင်နှစ်ကြောင်းလို ဆုံမှတ်မရှိပေ
မင်းနှင့်ငါရဲ့အချစ်ဆွဲငင်အားတွေ
ခွန်အားအဖြစ်မင်းရရှိပါစေ။
ငါငိုစဉ်ကမင်းချော့ခဲ့
မင်းငိုချင်တော့ဘယ်သူချော့မလဲ
တွေးတွေးပြီးငါလေမချင့်မရဲ
မင်းရှေ့ မှောက်ငါရောက်ချင်ခဲ့။
ငါစိတ်ညစ်တော့မင်းပြောတယ်
ကင်မရာတစ်လုံးနဲ့ လျှောက်ရိုက်ကွယ်
မင်းစိတ်ညစ်တော့ဘာလုပ်မလဲ
ငါလေတကယ်ပဲမသိနိုင်ခဲ့။
မင်းကအခါခါပြောဖူးတယ်
င့ါကိုမင်းသိပ်တန်ဖိုးထားတယ်
မင်းကိုငါတန်ဖိုးထားတာတော့
ချစ်သူမြန်မြန်သိပါတော့။
No comments:
Post a Comment