Saturday, March 1, 2008

Decအိပ်မက်


. . . ကံကောင်းချင်တော့
ညကယုဇနပန်းတွေပွင့်တယ်။

တဦးဦးကို
ပန်စေရန်ရွယ်စူး
ကိုယ်ခူးပြီးမှ
မပေးဖြစ်ခဲ့........

Decရဲ့အဆုံး
သူမမုန်းလျှင်
ရင်ကိုခွဲပစ်
အသည်းနင့်ပေါ့
ကံကောင်းချင်တော့
ညကယုဇနပန်းတွေပွင့်တယ်......

Decရဲ့အဆုံးနံနက်စမှာ
စက်ဘီးစီးဖြစ်
မ်းတွေ့ရစဉ်
စဟယ်နောက်ဟယ်
ခင်ချင်တယ်ပြော
မနောအာရုံ
စိတ်တွင်းတွင်မယ်
ပျော်မိတယ်...........

ခဏတာတွေ့တယ်
စိတ်မှာရွယ်စူး
ပြန်မဆုံဘူး
ထင်မိတယ်.........

တကယ်တွေ့တော့
နောက်နေ့တွေမှာ
ဦးဝိစာရ
ကျောက်တိုင်နားမှာ
သူတို့ထိုင်နေ
မြင်တွေ့မှတ်မိ
သတိရှိထား
အပြုံးများစွာ
ခင်စရာလေ..........

ဖြေသာမေ့ခက်
တွေဝေရက်နဲ့
ပြန်လမ်းတလျှောက်
နာမည်ကပ်မေး
မဖြေခင်လေးတင်
သူ့အဖေါ်စက်ဘီးမှောက်
လွမ်းလောက်စရာ.........

တကယ်ခင်တယ်
မင်ဖွယ်အသစ
တွေ့ဖြစ်ချိန်မှာ
ဝမ်းသာဝမ်းနည်း
အဖြစ်လွဲပြီး
ရည်ကာတမ်းတမ်း
နောက်တနေ့ကျ

တွေ့ရကောင်းစေ
အမှတ်တရဝေသမို့
ကံကောင်းချင်တော့
ညကယုဇနပန်းတွေပွင့်တယ်။

No comments: