Tuesday, August 19, 2008

ရှိနေပေးပါ

CHO : [ ဘယ်သူမှ မလိုချင်ဘူး လာနေပါ မင်းလေး ကိုယ့်ဘေးနားမှာ
တစ်ချိန်မှာ မင်းအတွက် ငြိုငြင်မှာလား ဒီအောင်မြင်မှုများ မရှိနိုင်တော့ရင်
အားနည်း နေချိန်တိုင်း ခေါ်နေတာ အနားနား နေပေးလှည့်ပါ
ဟို အရင် ချိန်တွေလိုမျိုး မင်းလေးရှိနေပေးပါ.... ]

စိတ်ထဲမှာတွေးရင်းနဲ့ ငါပြောချင်နေတယ်
ငါ့စကားကို ကျေးဇူးပြုပြီး ရင်ဖွင့်တာကို နားထောင်ပေးပါ
ကြိုးစားပြီး ကြားယောင်ပေးတာ မင်းတစ်ယောက်တည်း
လျှောက်လှမ်းတဲ့ အနာဂတ်လမ်းမှာ အလင်းမပျောက်ပဲ
စိတ်ဓါတ်မကျပါ စိတ်ကူးယဉ်များနဲ့ အိပ်မက်များစွာ
မင်းစီးနေတဲ့ကား မင်းပြောနေတဲ့ ဟန်းဖုန်းတွေ ကိုလည်း မကိုင်နိုင်ပါဘူး
ငွေကြေးချမ်းသာမှု များစွာကိုလည်း ငါလေ မပိုင်ဆိုင်ပါဘူး
ပရိတ်သတ်တွေ ကြည့်နေတာလည်း မင်းလည်းအခု သိနေတာပဲ
လက်ထဲမှာ ကိုင်ထားခဲ့တာ မိုက်ကရိုဖုန်း
ဒါငါ့ရဲ့ အားအင်တစ်ခုပဲ ကြိုက်သလိုသုံး
ဆက်ပြီးတော့ ကာရန်တွေပဲ တစ်ရက်ပြီး တစ်ရက် ရှာကြံနေဆဲ
ပရိတ်သတ်တွေ မသိတော့တဲ့အခါ အောင်မြင်မှု မှေးမှိန်သွားပြီး
ဘယ်သူမှ ငါ့ကို မကြည့်တော့တဲ့ အခါ မင်းအနားမှာ နေပေးပါ

CHO : [ ... ]

မင်းစိတ်မှာ ထင်နေတယ် မယုံသင်္ကာ မျက်လုံးတွေနဲ့ အခုလို လာမကြည့်ပါနဲ့
ငါသိပါတယ် ဖုန်းဆက်တဲ့ ကောင်မလေးတွေနဲ့ ဇတ်လမ်း မရှုပ်ပါ
နောက်ပြီးတော့ HipHop ပေါ်ပင်ဆိုတဲ့ လူလို့ မထင်လိုက်ပါနဲ့
မြင်လိုက်တာနဲ့ လူတွေက အပြစ်တင်ဖို့ပဲ
မိဘကို လုပ်ကြွေးနေတာ မိသားစုကို လုပ်ကြွေးနေမှာ
အရှုပ်အထွေးတွေမပါ ဘ၀ကို အေးအေးဆေးဆေး
အပူအပင်မရှိပဲ ဖြတ်သန်းချင်တာ
အဲဒါဆိုရင် မင်းကလေး ယုံတော့ မိန်းကလေးတွေကို ဇတ်လမ်းမထွင်တာ
တစ်ယောက်တည်းကိုပဲ ငါ ချစ်နေလို့ပါ
မင်းဘယ်လိုပဲညာ မင်းဘယ်လိုပဲလိမ် မင်းဘယ်လိုပဲ ပြောခဲ့တာတွေ စိတ်ထဲမထားပါ
အရိပ်အကဲများကြည့်ပြီး ငါကိုယ်တိုင်ပဲ မင်းကို ခွင့်လွှတ်ပြီးသား
မနက်ဖြန်တွေ မနက်ဖြန်တွေမှာ မင်းနဲ့ကိုယ်ဟာ ဆက်ဆံနေမယ်
မင်းကိုယ့်ကို အပြစ် မမြင်နဲ့ HipHop လောက ခက်ထန်နေလည်း

CHO : [ ... ]

ဖုန်းဆက်ရင် ဖုန်းတွေမအားဘူး မင်းဘယ်သူနဲ့ပြောနေတာလည်း
လူကြီးမင်းခေါ်ဆိုနေတဲ့ မိန်းမအသံပဲ ကြားနေရတယ်
သတိရရင် ဖုန်းဆက်ပါ ဒီသံယောဇဉ်တွေထဲ ရုန်းမထွက်တာ
ဆုံးဖြတ်ပါ အတူလက်တွဲဖို့ ဘယ်သူနဲ့ရှိနေတာလည်း
ငါလည်း အပြစ်တွေက မနည်း ၊ အကယ်ပဲ ချစ်နေတာပဲ
ဒီလိုနဲ့ နှစ်တွေက မနည်း ထားခဲ့တဲ့ သံယောဇဉ်နဲ့ ဂရုစိုက်မှုတွေ မရှုံးပါ
ဆုံးရှုံးမှာ ကြောက်နေခဲ့ မင်းသာ ငါ့ရဲ့ အချစ်ဆုံးပါ
ဘယ်သူမှ မလိုချင်ဘူး ... ငါဘယ်သူမှ မလိုပါဘူး ...
ထားခဲ့တဲ့ သံယောဇဉ်နဲ့ ဂရုစိုက်မှုတွေ မရှုံးပါ
ဆုံးရှုံးမှာ ကြောက်နေခဲ့ မင်းသာ ငါ့ရဲ့ အချစ်ဆုံးပါ
ဘယ်သူမှ မလိုချင်ဘူး ... ငါဘယ်သူမှ မလိုပါဘူး ...
အောင်မြင်မှုတွေ ငါ့ဆီမှာ မရှိတော့တဲ့ တစ်နေ့
ဟိုအရင်ကလိုပဲ မင်းကိုယ့်ရဲ့  အနားနေနေပေးပါ

CHO : [ ... ] CHO : [ ... ] ဟို အရင် ချိန်တွေလိုမျိုး မင်းလေးရှိနေပေးပါ....

No comments: